Pages

ငါ့လက်ထဲက ဂျိုကာ

>> Wednesday, March 17, 2010

ငါဟာ ငါ့ရဲ့ ဟာသပါပဲ
လူရွှင်တော်ဒဏ်ရာနဲ့ "မကျေမနပ်ပြတ်လုံး"တွေ ရေရွတ်
တစ်ကိုယ်တော်မှောက်မှားခဲ့တဲ့ မိုးကြိုးညပျက်ပေါင်းများစွာ

ဂျိုကာတစ်ကောင်ရဲ့ငိုပွဲဟာ လူများတွေအမြင်မှာတော့ ရယ်စရာပါပဲ
ငါလည်း ငါ့ကိုယ်ငါ ဝမ်းနည်းပက်လက် ရယ်ပွဲဖွဲ့

အမုန်းကျောက်တုံးတွေ ငါ့လည်ပင်းမှာ အသာအယာချီဆွဲ
ကံတရားမျက်နှာလိုက်မှုကို မယုံမကြည်နဲ့
နာကျင်ခံခက် ဒုက္ခပင်လယ်ထဲ ထိုးဆင်းလိုက်တဲ့အခါ

ငရဲ နဲ့ နိဗ္ဗာန် ကျောခင်းကပ်လျက်
ပရိတ်သတ်ကြီး ရီ(ရယ်)ပါ။

8 comments:

မယ်ကိုး March 17, 2010 at 8:36 AM  

ကဗျာလေး ကြိုက်လိုက်တာ။

MANORHARY March 17, 2010 at 9:01 AM  

လူရွှင်တော် ဒါဏ်ရာနဲ့
မကျေမနပ် ပျက်လုံးတွေရေရွတ် ........မကျေမနပ် ပြက်လုံးတွေ ရေရွတ် ...
ပျက်လုံး တွေ.............
ပြက်လုံးတွေ ....
ှုကိုယ်တိုင်လည်း ရေရွတ်ဆဲ
တစ်ကိုယ်စာကြားသာရုံ ပေါက်ကွဲမှုမျိုးနဲ့ ..
ဝမ်းနည်းပက်လက် ရယ်မောနေခဲ့ဖူးပေါ့

Zephyr March 17, 2010 at 9:18 AM  

ပြက်လုံးကလည်း ဇာတ်နာလိုက်တာ ...
မိတ်ကပ်အဖွေးသားနဲ့ ဂျိုကာ ... ငိုနေတဲ့အခါ ...
ရာသီဥတုတွေဖောက်ပြန်လာတယ်။
....
ခံစားချက် ဧရိယာပြင်ပမှာ ...
ဂျိုကာ ... နွေဥတုတစ်ခု ကောက်ရထားပြီ။ ။

က+ဗျာ+လှည်း March 18, 2010 at 9:14 PM  

ဂျိုကာ...

ကိုယ်တိုင်မရယ်မောရတာကြာနေပြီ
ကိုယ်ပြက်လုံးကိုယ်ပြန်ရှာ
ရှာရင်းနဲ့မော
မောရင်းနဲ့ ရယ်မိ။

အိုင်လွယ်ပန် March 19, 2010 at 12:25 PM  

အေးဗျာ ..။
အနာတွေ နင်းကြမ်းနဲ့
ဂျိုကာ တစ်ကောင် အတွက်တော့
ငါဟာ ငါ့ရဲ့ ဟာသပါပဲ ..။

သွယ်လင်းဆက် March 22, 2010 at 1:38 AM  

ကောင်းလိုက်တာဗျာ။

နောင်တော်,  March 24, 2010 at 7:38 PM  

ငါ့ရဲ့ငိုပွဲဟာ လူများတွေအမြင်မှာတော့ ရယ်စရာပါပဲ
ငါလည်း ငါ့ကိုယ်ငါ ဝမ်းနည်းပက်လက် ရယ်ပွဲဖွဲ့

Anonymous,  September 14, 2010 at 4:46 PM  

ကြိုက်တယ် ..မဟားတရားကြိုက်တယ်

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP