Pages

ငါ့ဘန်ဝတ် ဘယ်သူရွှေ့သွားသလဲ?

>> Friday, February 26, 2010

အနည်ထိုင်နေတဲ့ မန်မိုရီတွေ
အမှိုက်တွေ အပြည့်နဲ့ ဟာ့ဒစ်တွေ
ခေတ်ကြီးထဲ
ငါ့ဘန်ဝတ်ကို ဘယ်သူလာလုသွားသလဲ

တစ်နေ့တစ်နေ့ တွက်ချက်မှုနဲ့ ရှင်သန်နေရတဲ့ ပရောစက်ဆာတွေ
ကေဘယ်ပေါင်းစုံပေါ်မှာ ပြေးလွားနေရတဲ့ ဒေတာတွေ
အရေးကြီးလို့ပါ
ငါ့ဘန်ဝတ်ကို လာမလုကြပါနဲ့

လိုက်မမီနိုင်အောင် အသစ်တွေ တဖျတ်ဖျတ်နဲ့ ​ဝက်(ဘ်)
စွမ်းအင်သိပ်စားတဲ့ ပရိုဂရမ်
လိုအပ်မှုတွေထဲ
ငါ့ဘန်ဝတ်တွေ ဘယ်ပျောက်ကုန်ပြီလဲ

ပေါ်လာတစ်စက္ကန့်
ပျောက်သွား ခဏခဏ
ကြည့်နေတဲ့ ဗီဒီယို ထစ်နေလို့ပါ
ငါ့ဘန်ဝတ်လေး ပြန်ပေးပါ

ဝါယာကြိုးတွေနဲ့ ကမ္ဘာ
ဝါယာကြိုးမဲ့ ကမ္ဘာ
ထိုင်ပဲစောင့်နေရမလား၊ ဟန်မ် နဲ့ ဟော့ လိုပဲ ထပြီးလိုက်ရှာရမလား
ပျောက်နေတဲ့ ဘန်ဝတ်တွေအတွက်...

1 comments:

mgphonemyint February 27, 2010 at 1:22 PM  

အိုင်အက်စ်ပီကို လိုက်မေးရမယ်..း)

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP