Pages

ဒီနေ့အကြောင်း

>> Tuesday, February 16, 2010

မနေ့ကအကြောင်း မပြောနဲ့ဆိုတော့
ဒီနေ့အကြောင်း ရေးမယ်
ဒီနေ့က ငါရဲ့ထုံထိုင်းမှုတွေနဲ့
ဒီနေ့က ငါ့ရဲ့ ညောင်းညာမှုတွေနဲ့

အမေ့ဆီ ဖုန်းဆက်တယ်
ခြေသည်းလက်သည်း ညှပ်တယ်
အွန်လိုင်းပေါ်မှာ တစ်နေကုန်တယ်
မပြီးသေးတဲ့စာတွေကို မသိချင်ယောင်ဆောင်တယ်

ကွေးကောက်သွားတဲ့ခြေသည်းတွေလို ငါ့စိတ်နဲ့ငါ ခြေစွယ်ငုတ်တဲ့ ဒီနေ့
လူမှုရေး ညောင်းညာမှုတွေနဲ့ ဒီနေ့
ကိုက်နေတဲ့ မျက်ရိုး၊ ဆာနေတဲ့ဗိုက်၊ ကိုယ်သွေးကို ပြန်စုတ်မိတဲ့ ဂျပိုးလို ဒီနေ့
တံခါးတွေ ဖွင့်ထားသလိုလို ပိတ်ထားသလိုလို မတင်မကျ ဒီနေ့

ကိုယ်ကိုကိုယ် ပြန်မဆက်သွယ်နိုင်
ကိုယ်ဘာသာစကားကိုယ် နားမလည်
ကိုယ့်အော်သံ ကိုယ် မကြား
ကိုယ့်ငရဲမှာ ကိုယ်ပျော်တဲ့ ဒီနေ့ပေါ့

မေမေရေ ဖုန်းကိုင်ပါတော့
ထုံထိုင်းမှုမှာ ကျွန်တော့်အရေပြားတွေ ခြောက်သွေ့ကုန်ပေါ့

5 comments:

လင်းဒီပ February 16, 2010 at 3:51 PM  

ဒီရက်တွေမှာ ကျွန်တော်လည်း ထုံထိုင်းမှုတွေ ခံစားနေခဲ့ရတယ် ။

နွေဆူးလင်္ကာ February 16, 2010 at 6:04 PM  

ဒီနေ့အကြောင်းကို ဒီကနေ့ပဲ ဖတ်သွားတယ်ဗျာ

အိုင်လွယ်ပန် February 16, 2010 at 9:52 PM  

ကိုယ်ကိုကိုယ် ပြန်မဆက်သွယ်နိုင်
ကိုယ်ဘာသာစကားကိုယ် နားမလည်
ကိုယ့်အော်သံ ကိုယ် မကြား
ကိုယ့်ငရဲမှာ ကိုယ်ပျော် ..။

အဲသလိုနေ့မျိုးဟာ ဒီနေ့ ဆိုပါစို့ ..။
ကျွန်တော့် ရဲ့ လွန်လေပြီးသော နဲ့
ကျွန်တော့်ရဲ့ ဆက်လက်ဖြစ်လာ ခွင့် ဒီနေ့များ
သံသရာထဲမှာ ...။

Anonymous,  February 17, 2010 at 11:01 AM  

ကိုယ်ကိုကိုယ် ပြန်မဆက်သွယ်နိုင်
ကိုယ်ဘာသာစကားကိုယ် နားမလည်
ကိုယ့်အော်သံ ကိုယ် မကြား
ကိုယ့်ငရဲမှာဖြင့် ကိုယ်တိုင်လည်း မပျော်နိုင် ...
မနော်ဟရီ

Angel Shaper February 20, 2010 at 1:17 AM  

ဒီကနေ့ ဒီကနေ့မှာ ညောင်းညာကိုက်ခဲမှုတွေ ပျောက်ပြီး ကိုယ့်ကိုယ်ကို ပြန်ဆက်သွယ်နိုင်ပါစေဗျာာာာ
ကိုစိုင်းကဗျာတွေ.....
ဖတ်လို့ ပိုပိုကောင်းလာတယ်ဗျာာာာာာာာ

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP