Pages

အဓိပ္ပာယ်တွေ ရှာမရတော့တဲ့အခါ... ကဗျာ

>> Sunday, February 7, 2010

ရေခိုးရိုက်နေတဲ့ မှန်တစ်ချပ်လိုပဲ
အနာဂတ်တွေကေ၀၀ါး - ဝေးဝေးမမြင်နိုင်
အချိန်မှန်ပျက်တတ်တဲ့မီးလိုပဲ
ကံဆိုးခြင်းက အချိန်မှန်ထက်စောစောပြီး ရောက်ရောက်လာ - တစ်ခါတစ်လေ တစ်နေကုန်
ဒီလိုနဲ့ ကမ္ဘာကြီးလည်နေပါတယ် - ယုံ။

အုံ့မှိုင်းမှောင်မိုက်တဲ့စိတ်ကောင်းကင်
ငါတို့ဆီမှာ
ပိတ်ထားတဲ့ တံခါးတွေက ခပ်များများ
တွန်းဖွင့်လိုက်ဖို့လက်တွေက နည်းလွန်း
အတ္တတွေ အရိုင်းဆန်လိုက်ပုံများပြောပါတယ်
ကျွန်ဖြစ်လည်း ကျွန်ပါးတော့ ဝ လိုက်ချင်သေးတယ်

ကိုယ် - စိတ်
ဖျားနာခြင်းမှာ မကြာ မကြာ ယဉ်ပါး
ငါတို့က ဒဏ်ရာစုဆောင်းသူ
ငါတို့က ကြမ်းပေါ်ကျကွဲတဲ့ ကြက်ဥပါး
ကြေကွဲစတိုင်း သွေးရဲသားရဲ လှရဲ့

အစာချောင်းနေတဲ့ ကျီးတွေ သိပ်များလွန်းတဲ့ ကမ်းခြေပါ
ငါတို့ရဲ့ သွေးရဲသားရဲတွေ လုံခြုံအောင် ဖွက်ထားလိုက်ကြ
ရာသီဥတုက အခုအချိန်ထိ မကောင်းနိုင်သေးဘူးရယ်။

4 comments:

mgphonemyint February 7, 2010 at 5:04 PM  

ငါကတို့ ကြမ်းပေါ်ကျကွဲတဲ့ ကြက်ဥပါး . . .

ငါတို့ရဲ့ သွေးရဲသားရဲတွေ လုံခြုံအောင် ဖွက်ထားလိုက်ကြ . . .
ဖွက်ထားလိုက်ကြ . . .
ဖွက်ထားလိုက်ကြ . . .
ဖွက်ထားလိုက်ကြ . . .

နွေဆူးလင်္ကာ February 7, 2010 at 6:37 PM  

ကျနော်တို့ ဆီကတော့ မီးပျက်ရင်သာ အချိန်မှန်တာပါဗျာ။ မီးလာရင်တော့ အမြဲ နောက်ကျတယ်။

အိုင်လွယ်ပန် February 8, 2010 at 4:16 PM  

ကိုယ် - စိတ်
ဖျားနာခြင်းမှာ မကြာ မကြာ ယဉ်ပါး
ငါကတို့ ဒဏ်ရာစုဆောင်းသူ
ငါကတို့ ကြမ်းပေါ်ကျကွဲတဲ့ ကြက်ဥပါး
ကြေကွဲစတိုင်း သွေးရဲသားရဲ လှရဲ့ ..။။

Angel Shaper February 20, 2010 at 1:22 AM  

ကဗျာလေးတွေက မာန်ကလေးတွေနဲ့ အသက်ပါနေတုန်းပါပဲ။

Post a Comment

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP