အသုံးမကျတဲ့ဇာတ်လမ်း
>> Monday, December 28, 2009
ထမင်းတစ်လုပ်ဝါးမိတိုင်း
ဆာလောင်မွတ်သိပ်နေတဲ့ ချို့တဲ့ပါးစပ်တွေကို သတိရတယ်
ဇိမ်ကျကျအိပ်ရာပေါ် အိပ်လိုက်တိုင်း
တမံတလင်းပေါ်က ကျောတွေကို အားနားမိတယ်
ပြောချင်တာ လွတ်ခနဲ ပြောလိုက်တိုင်း
ပြောခွင့်မရှိတဲ့ ပါးစပ်တွေအတွက် နာကျည်းမိတယ်
ကြည့်ချင်တာတွေ ကြည့်ခွင့်မရှိတဲ့ မျက်လုံးတွေအတွက်
တစ်ခုခုတော့ လုပ်ပေးချင်တယ်
ဒီဇာတ်လမ်းမှာ
အတ္တက မင်းသား၊ ငါက ဗီလိန်ပါ။
အတ္တထိုးသမျှ ကြိတ်သမျှ ငါ့မှာ နဖူးကွဲ ဒူးပြဲ။
အတ္တ ချည်နှောင်သမျှ ငါ့မှာ မလှုပ်သာ မလူးသာ။
အသုံးကျတာ တစ်ခုမှ မလုပ်ခြင်းတွေ ပိုင်ဆိုင်ပါတယ်။
ကျွန်တော်ဟာ အရှက်နဲခဲ့ပါတယ် ဖေဖေ။