Pages

ကမ္ဘာပေါ်သို့ ပြန်ကျခြင်း

>> Wednesday, November 28, 2007

ကမ္ဘာပေါ်သို့ ပြန်ကျခြင်း

အကျနာတယ်

မီးတောက်မီးလျှံတွေနဲ့

ဘ၀တောင် တစ်ပိုင်းတစ်စ ပွန်းပဲ့သွားပေါ့


ချစ်ခြင်းမေတ္တာသာမရှိရင်

ငါ့ဘ၀လည်း စုတ်ပြတ်သွားလောက်တယ်

ဖိအား ဖိအား ဖိအားပြီးတော့ဖိအား

ဆင်ခြင်တုံတရားမဲ့ခြင်းက

ငါ့ကို .. ကမ္ဘာမြေနဲ့ လွှဲချော်စေခဲ့…


ငရဲမှာမှ

ငါ .. သတိပြန်လည်ခဲ့ပေါ့..။ ။

s-spot

Read more...

ဘ၀ကိုပြန်ကြည့်ခြင်း

ပုံမှန်အတိုင်းပါဘဲ အရှေ့အရပ်က နေထွက်နေတုန်းဘဲ
လေထုကတော့ ဒီမနက်အထိ
ဈေးတက်မယ်လို့ မကြားမိသေးဘူး
အရင်လိုဘဲတဲ့..............
ညတုန်းက သီတင်းထဲမှာတော့
နေရာကွက်ကြားမိုးရွာနိုင်တယ်
ခုထိ ခံယူလို့ မပြည့်နိုင်ကြသေးဘူးလား
မိုးလင်းတိုင်း ပစ္စုပ္ပန် အသေတွေနဲ့
ရက်ထားတဲ့ ၀တ်စုံကို ၀တ်နေရတာ
သေတဲ့အထိချွတ်လို့ရအုံးမှာလား........
ကြိုးရှည်တစ်ချောင်းနဲ့ပေးခဲ့တဲ့ မျှော်လင့်ချက်တွေ
အခု...အစကိုဘယ်မှာချည်မိမှန်းတောင်မသိတော့ဘူး
နေ့စဉ်စားသုံးနေကျ ကုန်ဈေးနှုန်းကလဲ
လေထုထက်တောင် မှပေါ့ပါးလာဘီ။ ။
ဘ၀မှာကျေနပ်စရာဆိုလို့
ကိုယ့်ပိုင်အိပ်မက် မက်နိုင်တာဘဲရှိတော့တယ်။ ။

လက်ရုံး

Read more...

ပထမဆုံးလေပြေ

>> Thursday, November 22, 2007

ချွေးထွက်များတဲ့နေ့
ငါ ရုန်းထွက်ဖို့ မကြိုးစားခဲ့ဖူးတဲ့ လောင်းကစားမှုများ
ဘ၀ကို ခုံမင်မှ အလှအပတရားက ပိုပြီး အဓိပ္ပာယ်ရှိမယ်။

မေတ္တာတရားမှာ စကားမှားခဲ့ဖူးတဲ့ ငါ
ဟိုတုန်းက စိတ္တဇဖြစ်ခဲ့ရတဲ့ သီချင်းတစ်ပုဒ်နဲ့
ငါ့ရဲ့ ငယ်ရွယ်မှုကို မီးမြိုက်ခဲ့
ငါက သတိတရ ဖြစ်ပြီဆိုရင် ဘယ်မှတ်တိုင်မှ မရပ်တော့ဘူး

ဒီလို ရှိခဲ့ဖူးသော အတုအယောင်ဆန်ဆန် နေ့တွေ
ဘာမှ မကြားချင်လို့ ဘာမှ မပြောဖြစ်ခဲ့တဲ့ အကြောင်းတွေ
အကျအန အကောက်လွန်သွားလို့ စိတ်ဆင်းရဲခဲ့ရမှုတွေ
အားလုံးသော အဆင်မပြေမှုများ၊
စက်ပျက်နေတဲ့ နာရီတစ်လုံးထဲ ထုတ်ပိုးပြီး
ငါ့ အသွေးအသားတွေကို လတ်ဆတ်စေခဲ့ရတော့တယ်

ပထဆုံးလေပြေမှာ
ငါ့အတွက် အဆင်ပြေကြောင်း စာလေးတစ်စောင်တော့ ပါလာကောင်းပါရဲ့။

s-spot

Read more...

သူမအကြောင်း (၇)

>> Tuesday, November 20, 2007

သူမရေ
ကျွန်တော်သာ စက္ကူစွန် တစ်ကောင်ဖြစ်မယ်ဆိုရင်
သူမကို ဆိုင်းကြိုးလေး ဖြစ်စေချင်တယ်
အလေအလွင့်များလွန်းတဲ့
ကျွန်တော့်ရဲ့ လူမှုရေး ညနေခင်းတွေကို
ထိန်းညှိပေးဖို့ပေါ့..............

လက်ရုံး

Read more...

သစ်ပင်

ဘ၀မှာ သီးပွင့်းခွင့်ကြုံတာတောင်
ဆွေမျိုးတွေ ဆီတော့ တစ်ခေါက်မှ
အလည်မသွားဖြစ်ခဲ့ဘူး
ရှင်သန်ဖို့ အတွက်ဘဲ
ဒီမြေကို ကုတ်ကတ်ပြီးနေခဲ့ရတယ်
ဘ၀မှာ တစ်ထည်တည်းရှိတဲ့ ၀တ်စုံနဲ့
ကျောက်ခတ်ထဲက
ရာသီဥတုဒဏ်ကို ဖန်တရာကျေအောင်
ခံခဲ့ရပြီးဘီ............
သံယောဇဉ်ရှိနေသရွေ့တော့
သီးပွင့်ပြရအုံးမှာဘဲလေ။ ။
အလိုရှိသလောက်သာခူးဆွတ်သွားကြပါ
ငါ့မှာသာ အိပ်မက်အသေတွေကို ဖက်တွယ်ရင်း
နာကျင်တာတောင် ဟစ်အော်ပိုင်ခွင့်မှ မရခဲ့တာ။ ။

လက်ရုံး

Read more...

မြို့ပြည

>> Saturday, November 17, 2007

ညက သားရဲတွင်းဆန်စွာဘဲ
အပုပ်နဲ့တညှီညှီနဲ့
လတ်လတ်ဆတ်ဆတ် လောင်ကျွမ်းနေလေရဲ့

ပုံမှန်ထက် ပိုတောင်းလေ့ရှိသော အမြန်ယာဉ်များ
ခနော်နီ ခနော်နဲ့ လမ်းဘေးဈေးသည်များ
ဖုန်အလူးလူး နဲ့ သားငယ်
မိခင်ရင်ခွင်မှာ နှစ်ချိုက်စွာ အိပ်မောကျနေလေရဲ့
လေပြေထဲမှာလဲ နှုတ်ခမ်းနီနံ့က ထုံအီနေလေရဲ့
ညငှက်တစ်ချို့ ဟိုတစ်စုသည်တစ်စု
အိပ်တန်းပြန်ဖို့ အဖော်ရှာနေကြတုန်း
ရာသီဥတုကလဲ မနေ့ကအတိုင်းဘဲဆိုပေမယ့်
လမ်းမတွေကတော့ ပုံမှန်ထက်ကို
စုတ်ပြတ်သတ်သွားလေရဲ့။ ။

လက်ရုံး

မြို့ပြညရဲ့ အလှတွေ
ဆိတ်သုဉ်းကုန်တာအဓမ္မသဘောရဲ့
ဆန္ဒတွေများလား
chaos

Read more...

တောလိုက်ကွင်း

ငါ့အမာရွတ်နဲ့ငါ စကားများလို့ကောင်းတုန်း
ခြောက်ခြားဖွယ်အာမေဋိတ်တွေနဲ့
လမ်းတွေ အရိုင်းဆန်လာလိုက်တာ
ငါတို့ ဆုပ်ကိုင်ထားမိသမျှ အပြစ်ရှိနေသလိုလို…

လွတ်မချကြေး ဟေ့
လူပြိန်းပါးစပ်က ဘ၀အကြောင်းပြောလာတဲ့အခါ
ဟောဒီနယ်မြေဟာ တောလိုက်ကွင်းဖြစ်တော့တာပဲ

ငါတို့ သတိထားနားထောင်မယ်ဆိုရင်
သူတို့ရဲ့ နှာမှုတ်သံ တရှုးရှုးတောင်ကြားရဦးမယ်
ထောင်ချောက်တွေရဲ့ လက်ခမောင်းခတ်သံနဲ့
သွေးဆူသံ တပွက်ပွက်မှာ
ငါတို့ရဲ့ အသက်ဓာတ်လေးတွေ ပဲ့ပဲ့ပါသွား
ဘ၀တူချင်း ချပြရတဲ့ သက်ပြင်းတွေပဲ အဖတ်တင်နေတယ်

ဘာမှမတတ်နိုင်မယ့်အတူတူ
ဝပ်ကျင်းလေးထဲမှာပဲ ကဗျာရေး
ငါတို့ လက်လျှော့လိုက်တာမဟုတ်ဘူးလို့ ပြောခဲ့ပြီးသား
ယုံကြည်မှုနဲ့ အမှန်တရား
ညီမျှခြင်းနောက်မှာ အပေါင်းလက္ခဏာပဲ ငါတို့အလိုရှိတယ်
ငါတို့ လောဘကြီးတာမဟုတ်ဘူး

နာကျဉ်းချက်နဲ့ ကဗျာတွေဟာ ပွင့်လာတယ်
ဒါလည်း ငါဘာမှ မတတ်နိုင်တဲ့အပိုင်း
အဲဒီကဗျာတွေနဲ့ပဲ
ယုတ်ကြမ်းတဲ့ လမ်းတွေကို
ငါတို့ အတတ်နိုင်ဆုံး သွန်သင်ကြည့်ကြတာပေါ့
အလင်းတစ်ခုဆီကို …။ ။


l0gtic
၁၇.၁၁.၂၀၀၇ (စနေ)
၁၂း၃၁ (နေ့လည်)

Read more...

သူမအကြောင်း (၈)

သူမရေ
ပကာသနမပါတဲ့ ငါတို့ဆက်ဆံရေးကို
သူစိမ်းတွေက ခေါ်င်းစဉ်တစ်မျိုးတပ်ချင်ကြတယ်။ ။
တစ်ယောက်ယောက် အတွက်ငဲ့ညှာရမဲ့ စိတ်ထားမျိုးတွေ
မတရားဘူးလို့ထင်ရတဲ့ တကယ့်စစ်ပွဲတွေ
စကားလုံးတစ်ချို့နဲ့ ရှုတ်ချကြမယ့် ပတ်ဝန်းကျင်
ငါ ကတော့ နစ်မြုပ်ကျဆုံးဖို့ လမ်းမရှိဘူး
ငါ့ ခြေထောက်အောက်မှာ လမ်းမ တွေ ရှိနေသရွေ့တော့
သူမ ကို ဘယ်လို အကိုင်းအခတ်မျိုးမှ မရိုခတ်စေရဘူး။ ။
ငါတို့ရဲ့ ကစားကွင်းကို လွတ်လပ်စွာ
နာမည်ပေးပိုင်ခွင့် ငါတို့မှာရှိတယ်
မီးရှူးတွေရဲ့ လွတ်မြောက်မှုအောက်မှာတောင်
ချစ်ခြင်းတရားအကြောင်း
တစ်ယောက်ကိုတစ်ယောက်
တစ်ခွန်းမှ မပြောခဲ့ကြဘူး
တစ်ယောက်ကိုတစ်ယောက် လဲ နားလည်ပေးနိုင်ကြတယ်
တစ်ယောက်နဲ့တစ်ယောက် ချစ်ဖို့ကြတော့
ငါတို့နှုတ်ဆွံ့နေခဲ့ကြတယ်
သူမသာ ပျောရွှင်ရမယ်ဆိုရင်
ငါ့လက်ကျန်အချိန်တွေအကုန်လုံး
သူမနားမှာဘဲ အတုံးအရုံး ပုံချထားတော့မယ်
သူမရေ
တစ်ယောက်ဆီရင်ကွဲမှာထက်စာရင်
ပတ်ဝန်းကျင်ကို ငါတို့ စစ်ကြေငြာသင့်တာပေါ့။ ။

လက်ရုံး

Read more...

သူမအကြောင်း (၉)

>> Thursday, November 15, 2007

သူမသာ
မျောက်တစ်ကောင်ဖြစ်ခဲ့မယ်ဆိုရင်
ငါ........ရုံသွင်းပြစားမိမှာဘဲ။ ။
သူမက
ငှက်တစ်ကော်ဆိုရင်လဲ
ရွှေလှောင်အိမ်နဲ့ထည့်ပြီိး ရောင်းစားမိမှာဘဲ။ ။

ခု.............. သူမက
နှလုံးသားပါတဲ့ နယ်ရုပ်လေးဖြစ်နေတော့
ရွေ့ကွက်မမှားအောင် ကြိုးစားရလို့
ငါဦးနှောက်လဲ သွေးဆူနေလှဘီ...........

လက်ရုံး

Read more...

မိသားစု ကဗျာ

တစ်ယောင်ကိုတစ်ယောက် ရိုသေကြရင်းနဲ့
ငါတို့ စကားဝိုင်းထဲမှာ
ခုဆိုရင် ငါးယောက်ထိရှိလာဘီ။ ။
ဘယ်က ရောက်လာမှန်းမသိတဲ့
ကျွန်တော့်ရဲ့ ဒုက္ခတွေကို
ခါးစည်းခံခဲ့တာ အမေ ပေါ့.....
အသိပညာတွေ အလေ့ကျမပေါက်ဖို့
စနစ်တကျ ညွန်ကြားခဲ့တာ အဖေ လေ......
တစ်ယောက်ထဲရှိတယ်လို့ ထင်ရပေမယ့်
သတ်မှတ်ချက်တွေအရတော့
ကျွန်တော်မှာ မောင်နှမ သုံးယောက်တိတိရှိခဲ့တယ်
မျက်ရည်နဲ့ ပူဆွေးခဲ့ရတဲ့ နေ့တွေရှိခဲ့လို့လဲ
ပျော်ရွင်ခြင်းမိုးတိမ်တွေကိုဖက်တွယ်ခွင့်ရခဲ့တာပေါ့
တစ်ယောက်သံယောဇဉ်ကို တစ်ယောက် ချည်နှောင်ကြ
ဘယ်လိုအသံမျိုးနဲ့မှတော့
ငါတို့ စကားဝိုင်း က သေဆုံးခဲ့မှာမဟုတ်ဘူး
အချိန်ကျလာရင်သာ
အလျှိုလျှိုခွဲထွက်သွားကြမှာပါ
တစ်ယောက်ကိုတစ်ယောက်
နှုတ်မဆက်ကြေးပေါ့။ ။

လက်ရုံး

Read more...

သရဲ

>> Sunday, November 11, 2007

ကျွန်တော့်ဘေးမှာ သရဲတစ်ကောင်ရှိတယ်
ကျွန်တော်ညာဘက်ကို လှည့်ကြည့်ရင် သူက ဘယ်ဘက်မှာ ရောက်နေပြီး
ကျွန်တော်ဘယ်ကို လှည့်ကြည့်တော့ သူရှိနေတာက ညာ
ကျွန်တော်အရေအပြားပေါ်က
ကြက်သီးဖုလေးတွေမှာ သူ နေဖူးတယ်
တစ်ခါတစ်လေ ကျွန်တော့်ဂုတ်သွေးကို သူမြိန်ရေယှက်ရေ စုပ်လို့
တစ်ခါတစ်လေ ကျွန်တော့်ရိုင်းစိုင်းမှုကို သူ ဆွဲထုတ်
တစ်ခါတစ်လေ ကျွန်တော် အရမ်းကြောက်အောင် သူ ဖြဲခြောက်တယ်
ကျွန်တော် ဘုရားစာရွတ်ရင် သူ ဆဲရေးပြီး
ကျွန်တော့် အကုသိုလ်မှာ သူပျော်တယ်
ကျွန်တော် မောင်းထုတ်လဲ သူထွက်မသွားဘူး
ကျွန်တော် သွားလေရာနောက် လိုက်လို့လေ
ဘယ်သူသိနိုင်မလဲ
သူလဲ သူ့ဒုက္ခနဲ့သူ ဖြစ်ချင်ဖြစ်မှာ
ဒါမှမဟုတ်လဲ
အခွင့်သာတဲ့တစ်နေ့ ... ကျွန်တော်သတိမဲ့သွားတဲ့နေ့
ကျွန်တော့်ကို ဂုတ်ချိုးဖို့စောင့်နေတာ ဖြစ်ချင်ဖြစ်မှာ
ဘယ်သူသိမှာလဲ …နော် …

s-spot

Read more...

သူမအကြောင်း (၇)

>> Saturday, November 10, 2007

သူမရေ
ကံကြမ္မာကြောင့်သာ
ငါတို့ရဲ့ ထောင့်မှန်တွေ ဒီဂရီ စောင်းသွားခဲ့ရင်
ဘယ်လိုအတိုင်းအတာအထိ
စိတ်ရှည်နိုင်အုံးမှာလဲ။ ။
ဘ၀မှာ
မွေးဖွားဖို့ အတွက် သေဆုံးခဲ့တာလား?
သေဆုံးပြီးမှ မွေးဖွားခဲ့တာလား?
ဒီကကြိုးကို ဘယ်သူညှိနိုင်မှာလဲ?

လက်ရုံး

Read more...

လွမ်းတဲ့အကြောင်း(၆)

>> Monday, November 5, 2007

ငှက်သီချင်းနဲ့ နှင်းနဲ့
မနက်ခင်းပေါ့……
နေရောင်ခြည်ကို ပြာချ
ငါ့အလွမ်းနဲ့ လင်းစေခဲ့တယ် …

ကြင်နာသူရေ …
ချစ်မေတ္တာတွေ ဖူးပွင့်နေပုံက
ဒီဆောင်းကို ပိုပြီးတော့ လှပနေစေသလိုပဲ
ကြည့်ဦးလေ…

ငါနားလည်ဖို့ မကြိုးစားခဲ့တဲ့ အလွမ်း
မှော်ဆရာတစ်ယောက်ရဲ့ ပြုစားချက်တွေထက် ခမ်းနားဆန်းကြယ်
ငါ့ရင်ထဲမှာ အလင်းပိုးတစ်ကောင်လို နေထိုင်တယ်

ဒီမှာ
မရေရာ ဇဝေဇ၀ါလမ်းမတွေကို သုတ်သင်ရှင်းလင်း
ငါ့သွေးကြောထဲက လတ်ဆတ်တဲ့ ယုံကြည်မှုတွေနဲ့ ငါ ရင်ခုန်
ငါ့နေ့တွေ အလွမ်းနဲ့ လှပနေခဲ့တယ်

ချစ်သူ
မင်းယုံကြည်မယ်ဆိုရင်
ငါ့ရဲ့ လွမ်းတဲ့အကြောင်းတွေ ဂန္တ၀င်ပေါ့ …။

s-spot

Read more...

ကမ္ဘာမြေရဲ့ ကယ်တင်ခြင်း

အသက်ရှင်နေတယ်ဆိုရုံလေး ကမ္ဘာမြေ
သင့်ရဲ့ ကံဆိုးမိုးမှောင် ဝေဒနာ အံစာကို ပစ်ချလိုက်တော့
ငိုညည်းသံတွေ မီးတောက်ကြပေါ့

နတ်ဒေ၀ါအပါးပါးတို့ရဲ့ ကြင်နာသနားခြင်းမှ ကင်းလွတ်ရာ ဥယျာဉ်
အမှားမှားအယွင်းယွင်း သစ်သီးတွေ အဆိပ်သင့်ကြ
ကမ်းလင့်နေတဲ့ လက်အစုံတွေမှာ မွတ်သိပ်ခြင်းများစွာ .. များစွာ

ကမ္ဘာရေ…
မြင့်မြတ်လှတဲ့ ကယ်တင်ခြင်းတောင်ပံတွေ
သင့်ရဲ့ ပူလောင်မှု မြေပြင်ထဲ မြုပ်ထားလိုက်ဦးတော့

ငါတို့ ဆင်းစရာ အောက်မှာ ကျန်နေသေးတယ် မဟုတ်လားကွာ?

s-spot

Read more...

ခိုင်မြဲ ခြင်းတရားများ (၂)

အချိန်တွေက တအိအိနဲ့
ငါ့ကိုတိုက်စားသွားခဲ့လေရဲ့
ဇရာရဲ့ ရင့်ရော်မှုကလဲ
တဖြည်းဖြည်းနဲ့ နေ၀င်ချိန်နီးလာဘီ
ဘ၀မှာလဲ အချစ်ဆိုတဲ့ အရာကို ထည့်ပေါင်းရင်
တစ်သက်လုံးသိခဲ့ သမျှ အရာတွေက
သင်ပုန်းကြီးထဲက ကိန်းဂဏာန်းတွေတောင်
လိုက်မှီမှာ မဟုတ်ဘူး........
“ဂ’’ နဲ့ပက်သက်လာရင်
တန်ဖိုးကလွဲလို့ ဘယ်စာလုံးကိုမှ
ငါမနှစ်သက်ခဲ့လို့ပါ။ ။
သင်ပုန်းကြီးထဲမှာ “ဃ’’ နဲ့ ပက်သက်လာရင်
သူ့ အရပ်နဲ့ သူ့ဇာတ်လိုပေါ့
ပုံဆောင်ခဲ အမျိုးမျိုးလေ.......
ကျွန်တော်သိခဲ့သမျှထဲမှာတော့
သံဃာဆိုတဲ့ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်တွေ
(၆) တန်းတုန်းက “ဃ’’ တန်းမှာ
သင်ခဲ့ဘူးတာတွေကလွဲရင်
နောက်ဆုံး.........သူမရဲ့ အိမ်နံပါတ်ကလဲ
“ဃ/...’’ ဆိုတာက အထိပေါ့.........

“င’’ ဆိုတဲ့ ငတိက တော့
ရှင်းပြလို့ဆုံးမှာမဟုတ်ဘူး
ဘ၀မှာ သက်တောင့်သက်သာဖြစ်ဖို့ဆိုရင်
ငါဆိုတဲ့ အတ္တကို ခုထဲက
မြေမြုပ်သဂြိုလ်လိုက်ပါ။ ။


လက်ရုံး

Read more...

သူမအကြောင်း (၆)

သူမရေ
အာလူးစားသူတွေရဲ့မျက်နှာတွေ
ဘာအတွက်မှန်းတော့ မသိဘူး
အဲ့ဒီ သီချင်းစာသားကို
ကလေးဘ၀ထဲက နှစ်သက်ခဲ့တယ်
ကောင်းကင်မှာ အလင်းမရှိတဲ့ညတွေဆိုရင်
ဗင်းဆင့်တမ်းချင်း သီချင်းရယ်
ငါတို့ အတူအရောင်ခြယ်ခဲ့ ကြတဲ့
ကာတွန်းဇာတ်ကောင်တစ်ရုပ်ရယ်
ပြီးတော့..............
ငါ့သွေးနဲ့ရေးထားတဲ့
အလွမ်းကဗျာတစ်ချို့တစ်ဝက်ရယ်
သူမရေ
ဘယ်လို အချိန်ဇယားမျိုးမှာမှ
ငါရှင်းပြရမှာလဲ.....................

လက်ရုံး

Read more...

သူမအကြောင်း (၅)

သူမရေ
ဒီညတော့ မီးစာတစ်မုတ် ရေတစ်ခွက်နဲ့
မင်းကို လွမ်းတဲ့ အကြောင်းတွေ
လိုက်ရှာနေမိရဲ့..........
ညနေခင်းက ၂ စက္ကန့်လောက်
ငါတို့ တစ်ယောက်ကိုတစ်ယေက်
မျက်လုံးချင်းချစ်ခဲ့ကြတာ
ခုထိ ရင်ခုန်နေမိတုန်းမို့ပါ။ ။

လက်ရုံး

Read more...

သူမအကြောင်း (၄)

သူမရေ
နက္ခတ်တွေ နေရာရွှေ့ကြရင်း
ငါတို့ နီးစပ်ခဲ့တာပေါ့
အဲ့ဒီအတွက်
မမြင်ရတဲ့ ကံကြမ္မာ ကို ငါကျေးဇူးတင်ပါတယ
သူမရေ
ပြင်းပြင်းပြပြ သတိရ တတ်တဲ့ညနေခင်းတွေဆိုရင်
ကြယ် ခြေရာတွေကို ငါလိုက်ရှာနေမိတယ်
မဖြစ်နိုင်ဘူးဆိုပေမဲ့လည်း.... လက်တွေမှာ
ငါတို့က ကိန်းဂဏာန်း ၃ လုံးလောက် ဝေးကွာ ပြီးသားလေ။ ။
ငါတို့ သံယောဇဉ်တွေက
တယ်လီဖုန်းလိုင်းထဲ မှာ ဘဲ ရှင်သန်တာဆိုပေမယ့်
ဆက်သွယ်မှု ပြင်ပမှာလဲ
သူမ က ငါ့ ရင်ဘက်ထဲမှာ အမြဲ ရှိနေပါတယ်
ဖန်တီးပေးတဲ့ ပညာရှင်ကို
ငါအမြဲ ထောက်ခံနေမှာပါ။ ။

လက်ရုံး

Read more...

Followers

အခု ယောက် ကြည့်နေတယ်
သင်ဟာ Dedicated Server
မြောက် လာရောက်ကြည့်ရှုသူဖြစ်ပါတယ်။

  © Blogger template Simple n' Sweet by Ourblogtemplates.com 2009

Back to TOP